Myanmar Engineering Council Accreditation Awarding Ceremony
နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ရှိCivil Engineering၊ Electrical Power Engineering၊ Electronics Engineering၊ Mechanical Engineering၊ Information Technology နှင့် Metallurgical Engineering and Materials Science ဘာသာရပ်များအားအင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာအရည်အသွေးစိစစ် အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ (Engineering Education Accreditation Committee, EEAC)၏အရည်အသွေးစိစစ်အသိအမှတ်ပြုရေးလက်စွဲ (၂၀၁၇) နှင့် အညီအရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာလတွင် စစ်ဆေးမှုခံယူခဲ့ရာ၎င်းဘွဲ့ကြိုသင်တန်းများအားမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှပဏာမအသိအမှတ်ပြု (Provisional Accreditation) ကြောင်းလက်မှတ်ကို ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့တွင် အပ်နှင်းခဲ့ပါသည်။