တပို့တွဲလ ချမ်းလှသည် ၊ နှင်းစက်နှင်းမှုန်စီ ၊ ပေါက်ပန်းနီနီ ကြွေကာဝဲ ၊ ထိုးကြ ထမနဲ
ကောက်ညှင်း၊ ပဲဆီ ရောလို့မွှေ ၊ ဆားနည်းနည်းကူလေ၊ နှမ်း၊မြေပဲ၊ ဂျင်း ရောကာထည့် ၊ အုန်းသီးစိတ်ကြော်နဲ့၊
ချင့်ချိန်ပါကွဲ့ ရေကိုသာ၊ အနပ်ညီဖို့ရာ ၊ ဝိုင်းဝန်းလို့သာ အားကုန်နွှဲ ၊ ချွေးတွေ စိုလို့ရွှဲ၊
ရိုးရာပွဲမို့ တူတူပျော် ၊ ပေါင်းသင်းစုံလို့နော်၊ လာပါဖိတ်ခေါ်ပူပူနွေး ၊ စားလိုက်ကြစို့လေး။









