သင်တန်းဆိုင်ရာကိစ္စရပ်များအား အသိပေးအကြောင်းကြားခြင်း
နည်းပညာတက္ကသိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းများအတွက် တက္ကသိုလ်အချင်းချင်း၊ သီးခြားတက္ကသိုလ်အချင်းချင်း ပြောင်းရွှ့ခြင်း၊ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းများကို (၁၀-၆-၂၀၂၂) ရက်နေ့အထိလည်းကောင်း ဆောင်ရွက်ရန် အကြောင်းကြားပါသည်။
#အသိပေးကြေငြာခြင်း
၁။ နည်းပညာတက္ကသိုလ်အချင်းချင်း ကျောင်းပြောင်းရွေ့ခြင်း/ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းများကို (၃၁-၅-၂၀၂၂) ရက်နေ့အထိ နောက်ဆုံးထားဆောင်ရွက်ပေးမည်။ ၂။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်အောင်) ပထမနှစ်သင်တန်းများအတွက် ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းကို အခက်ခဲအား အကြောင်းပြချက်ခိုင်လုံစွာ အသနားခံတင်ပြလာပါက ကျောင်းသား/သူများ ၏ ပညာသင်ကြား သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် (၁၀-၆-၂၀၂၂) ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးမည်။
ကျောင်းစတင်လက်ခံမည်ရက်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းအတွက် (၂၀.၄.၂၀၂၂) ရက်နေ့ ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်သင်တန်းများအတွက် (၂.၅.၂၀၂၂) ရက်နေ့
12.5.2022 ရက်နေ့တွင်ဖွင့်လှစ်သွားမည့်သင်တန်းများ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ( ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုထ္ထနှစ်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (နောက်ဆုံးနှစ်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ( ပထမနှစ် ) (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ )