၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင် ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများ ကျောင်းသားရေးရာဌာနတွင် ၃၀/၁၁/၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ပညာသင်ဆုလျှောက်ထားနိုင်ပါသည်။

အောင်စာရင်းနှင့် စာမေးပွဲရမှတ်၏ Grading များထုတ်ပြန်ကြေညာခြင်း

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲရမှတ်များ၏ Grading များ နှင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် များအတွက် အောင်စာရင်းများကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ရှိ ကျောင်းသားရေးရာဌာန နှင့် သက်ဆိုင်ရာဌာနများတွင် မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ခြင်း

စားသောက်ဆိုင် (၆) ခန်းတွဲအတွက် အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို ၂၇/၁၀/၂၀၂၂ မှ ၂/၁၁/၂၀၂၂ ရက်နေ့အထိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ငွေစာရင်းဌာနတွင် ဝယ်ယူလျှောက်ထားနိုင်ပါသည်။ တင်ဒါစိစစ်ရေးအဖွဲ့ ၀၉ ၄၀၂၆၄၄၀၂၆/ 09 402644026

ကျောင်းဖွင့်ရက် ကျေညာခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ် (ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ်မှနောက်ဆုံးနှစ်အထိ သင်တန်းများကို (၁၀.၁၁.၂၀၂၂) ရက်၊ ကြာသပတေးနေ့တွင် စတင်ဖွင့်လှစ်ပါမည်။

နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်းကြေငြာခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်) ၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင် ပထမနှစ် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ( တစ်လလျှင် ၃၀၀၀၀ ကျပ်ဖြင့် ၁၀ လ) ကို စိစစ်ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ ကျောင်းသားရေးရာဌာနနှင့်ဆက်သွယ်နိုင်ပါသည်။